ရက်စွဲ မသိတဲ့ ညတည
ကြယ်ရောင် လရောင် မရှိ
ပကတိ အမှောင်ကား ဖွင့်လှစ်
လမိုက်ည စစ်စစ်ပေါ့။
ပိန်းပိတ်အောင် မှောင်နေတဲ့ည
နားခိုရမယ့်နေရာ-- ဘယ်မှာ
ဖွေရှာလို့ မတွေ့
ဟေ့--- ငါဝန်းကျင်မှာရော
နေရာအစုံက အကျဉ်းအကျပ်
ညနက်နက် အမှောင်တံဆိပ်ခတ်လို့
ရပ်နေရင်းတောင် အကျဉ်းကျ
အဲဒီလို ညတွေပါ။
ဒီညတွေရဲ့ အပြင်ဘက်
ပြေးထွက်မယ့် စိတ်ကူး
တခါတလေတော့ ပေါက်ဖူးပါရဲ့
ဒါပေမယ့်----
အဲဒီနယ်ပယ်တွေမှာ
အန္တရာယ်တွေလည်း လွှမ်းနေသတဲ့
ဘယ်လမ်းက ဘယ်ဆီ
ရပ်တည်မှုက ဘယ်သို့
ကိုယ့်မှာလည်း သတ္တိက ချို့လို့။
သက်ဆိုးရှည်တဲ့ မဟူရာညတွေ
အသင်္ချေအနန္တ ညည်းတွား
အလင်းပန်းချီကား တစ်ခု
ဘယ်အချိန်မှာ ပုံတူပြုမလဲ
အခုတော့---
ညနက်နက် တစ်ခုပေါ်မှာ။
No comments:
Post a Comment