Tuesday, May 19, 2009

ညကန့်လန့်ကာရဲ့ ဟိုမှာဘယ်သို့

လမင်းက

သူ့ ညလွှာရုံအလယ်

တိမ်တွေကွယ်လို့ စိတ်ကောက်နေသတဲ့

အလင်းမဲ့ စိတ်ကန့်လန့်ကာအတွင်းမှာလည်း

အတွေးတွေဟာ ကိုးယို့ကားယား

ဗျာများသလိုဖြစ်နေရဲ့။


ဟောင်းမြေ့မြေ့ ညနက်ထဲ

အားပျက်နေတဲ့ ကြယ်တာရာများက

စိတ်ပါသလို မပါသလို

မှောင်မလို လင်းမလို

အဲဒီလိုည

မလှမပ ညတွေတည်ရှိနေသရွေ့။


အိပ်မှုန်စုံဝါး အရုဏ်သစ်

သူ့မျက်နှာကို လှည့်ကြည့်ဖို့

အရှိတရားများစွာ

အသိတရားမျာစွာ

အရာရာကို ဖြည့်တင်း

ချစ်ခြင်းဂီတ ချိုမြမြ

ကြိုးညှိကြရအောင်ပေါ့။ ။

Read more...

No comments:

Post a Comment