Friday, May 22, 2009

လွမ်းဖေဖေထံသို့

တခါတလေ

အဖေဆီ ပြေးသွားချင်ပေမယ့်

တော်လှန်ရေး လှေငယ်နောက်

ပန်းတိုင်ရောက်အောင်

လှုပ်ရှားကြံဆောင်နေခဲ့ပါတယ်။


တခါတလေ

အဖေနဲ့အတူ နေချင်ပေမယ့်

ပညာပြည့်စုံအောင် ကြိုးစားမှာမို့

အဖေဆီကို မရောက်နိုင်ပါ။


တခါတလေ

အဖေနဲ့အတူ ကြည်နူးချင်ပေမယ့်

နိုးတ၀က် တော်လှန်ရေးသမားဘ၀မှာ

အဖေကို ထားရစ်ခဲ့ရပါတယ်။


တခါတရံ

ဟိုအဝေးဆုံးမှ ရှိတဲ့

သမီးတို့နှစ်ယောက် ပျော်ရွှင်မှုတွေကို

သမီးအမြဲတမ်း သတိရမိတယ်။

နောင်အနာဂါတ် အတွေးတွေအတွက်

ပညာရေးနှင့် တော်လှန်ရေးဘ၀ကို

အပြည့်အ၀ ပိုင်ဆိုင်ရင်း

လွတ်လပ်ရေး သီချင်းတွေနဲ့

ပြန်လာမယ့် သမီးကို

လက်လှမ်း ကြိုပါဖေဖေ။ ။

Read more...

No comments:

Post a Comment