အမှတ်မထင် တိုက်တဲ့ မုသားမုန်တိုင်း
ရိုင်းစိုင်းလို့ ပြင်းထတ်လှပေမယ့်
အမုန်းမဖွဲ့ အပြစ်မမြင်
နှလုံးသားတွင် ငဲ့ကွက်ရင်း
စာနာခြင်းနဲ့ နားလည်ပေးခဲ့။
ကျမရဲ့ အတ္တကို
ပျားရည်နဲ့ ၀မ်းချရော့သလား
အားတင်းစမ်းပါ ဆိုတဲ့စကား
တန်ခိုးရှင်ထက် အစွမ်းထက်တာကြောင့်
အလွမ်းအားတွေ ပြည့်နှက်နေတာတောင်
အားဆောင်ခဲ့ပါတယ်။
ကိုယ်ချင်းစာတရား မရှိ
တစ်ဖက်သားရဲ့ တစ်ချက်အငိုက်မှာ
သန့်စင်တဲ့ ဘ၀တခုကို
မင်း--
အနီရောင် စွန်းထင်စေခဲ့တယ်။
ခွင့်လွတ်ခြင်းများစွာနဲ့
ရူးသွပ်စွာ ချစ်မိတဲ့ ငါ
မာယာနဲ့ လှည့်စားခြင်း
ဟန်ဆောင်ခြင်းဆိုတာတွေကို
ငါ--
မေ့ပစ်ခဲ့ပြန်တယ်။
ချည်နှောင်ထားမိတဲ့
အဖြူရောင် သံယောဇဉ်ကို
မင်း ဥပေက္ခာပြုပေမယ့်လည်း
အလွမ်းတွေ ဖွဲ့တည်းထားတဲ့
နှလုံးသားတွေ ဖွဲ့တည်ထားတဲ့
နှလုံးသား အသည်းနုနုမှာ
အပြုံးတခု အမြဲတမ်း ရှိနေပါ့မယ်။ ။
No comments:
Post a Comment