Friday, April 24, 2009

ရိုးမက ကြားစေ


လျှိုမြောင် ချောက် တောင်တန်း

မြင်မြင်ရာဟာ စိမ်းစိမ်းလန်းလန်းနှင့်

ပန်းရောင်စုံတွေ ဖူးပွင့်လို့

ပါးမို့မို့မှာ နှင်းရည်လိမ်းထားတဲ့ လက်ဖက်ခင်း

ဒါ... တအာင်းတို့ရဲ့ ပျော်ရွှင်ခြင်းနိုင်ငံ။

ရီဝေေ၀ တောင်ခိုး

တရိတ်ရိတ် တရွေ့ရွေ့ တိမ်စိုင်တိမ်လိပ်များ

လိုက်တမ်း ပြေးတမ်း ကစားနေသလားကွယ်

တခါ တခါ နှင်း

တခါ တခါ မြူ။

မြွေနဂါးကြီးတွေ တွန့်လိမ်ခွေရစ်နေသလိုမျိုး

မိုးကောင်းကင် ပြာလွင်လွင်

စိမ်းမြမြ တောင်စဉ်တောင်တန်း

ရောက်စုံပန်းပင်လယ် အဆုံး

ဒါတွေအားလုံး တို့ပိုင်ခဲ့ကြတာပါ။

အခုတော့...

တောတွင်း ယဉ်ကျေးမှု မင်းမူ

အားကြီးသူက အားငယ်သူကို အနိုင်ယူရက်တဲ့ ဒီညမှာ

လက်တွေကို ခိုင်ခိုင်တွဲထား

တယောက်ကျော တယောက် ပိုင်ပိုင်ကပ်ထား

မီးပင်လယ်ကို ဖြတ်သန်းခုတ်မောင်းသွားမယ့်

သမိုင်းရထားကြီး ရွေ့လာပြီ။

မနက်ဖြန်တိုင်းအတွက် နိုးထ

လောင်းရိပ်အောက်က ရုန်းထွက်ကြဖို့

(ငါတို့အားလုံး) ဟစ်ကြွေးလိုက်တဲ့ သံပြိုင်တေးသွား

ရိုးမက ကြားစေ။

Read more...

No comments:

Post a Comment