Friday, April 03, 2009

လက်ဖက်ဈေးနှုန်းအခြေအနေ

နမ့်ဆန်မြို့နယ်တွင် ရွက်စိမ်း တပိဿကို ၅၀၀နှင့်၆၀၀ကျပ်ကြားတွင်ရှိပြီး လက်ဖက်ခြောက်အကောင်းစားတွင် တပိဿ ၂၅၀၀ကျပ်ဖြင့်ရှိပါသည်။ ရွက်စိမ်းနှင့်လက်ဖက်ခြောက်တွင် ဒေသတခုနှင့်တခု မတူညီကြပေ။ လက်ဖက်စိုတွင် ပေါက်ဈေးဖြင့်သာ ရှိသည်။ လက်ဖက်စို အရောင်းအ၀ယ် သိပ်မလုပ်ကြပေ။

နမ့်ခမ်းဘက်တွင် လက်ဖက်ခြောက် အကောင်းစားတွင် တပိဿလျှင် ၁၅၀၀-၁၈၀၀ကြားတွင်ရှိပါသည်။

လက်ဖက်ကို ၀ိုင်းကူ ခူးပေးသော အညာသားများသည် ဤနှစ်ရွှေဖီချိန်တွင် လာရောက်ခူးဆွတ်ရန် နည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် လက်ဖက်အခြေအနေကို သတင်းကြားသည့်အတွက်ကြောင်းဖြစ်ပါသည်။ အညာသားကို ခေါ်လိုလျှင် ပိုက်ဆံကို ကြိုပေးရပါသည်။ လွန်ခဲ့သောနှစ်များတွင် အညာသားကို သွားခေါ်လျှင် ပိုက်ဆံကြိုပေးစရာမလိုဘဲ အလုအယက်တက်လာခဲ့ပါသည်။ လက်ဖက်ပေါ်မှာ မူတည်ပြီး လူဦးရေသတ်မှတ်၍ ခေါ်လာပါသည်။ ရွက်စိမ်း ၁၀၀၀နှင့် ၂၀၀၀ ပိဿကြားတွင် အညာသားကို ၁၀ယောက်မှ ၁၅ယောက်အထိ ခေါ်လာပါသည်။ ဤနှစ်တွင် အညာသားကို ခေါ်ယူလာရန် အရမ်းကို ခက်ခဲမှုရှိသည်ဟု သတင်းရရှိပါသည်။ Read more...

No comments:

Post a Comment