Thursday, April 02, 2009

‘အမျိုးသမီးအခွင့်အရေး’ လို့ပြောလိုက်ရင် တချို့က ပြုံးစိစိ ဖြစ်သွားတတ်ကြတယ်။ သဘောကတော့ ‘လိုလို့လား’ ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့။ ‘လိုလို့လား’ ဆိုတာမှာလည်း အနည်းဆုံး နှစ်မျိုးတော့ရှိမယ်ထင်တယ်။

တစ်မျိုးက လူ့အခွင့်အရေးလို့ ကျယ်ကျယ်လောင်လောင်တောင်းဆိုလာကြတဲ့ ဒီခေတ်ကြီးထဲမှာ ‘အမျိုးသမီးအခွင့်အရေး’ ဆိုပြီး သီးခြားတောင်းစရာ၊ တိုက်စရာ မလိုတော့ပါဘူးလို့ မြင်တာမျိုး။ ဒါကသိပ်မဆိုးဘူး။ ဒီအမြင်မျိုးက ညှိလို့ဆွေးနွေးလို့ ရနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ အရေးအရာမပါတာတွေကို ပုံကြီးချဲ့ပြီး ပုဇွန်ဆိတ် ခါးတောင်းကျိုက်ပြီး ဖမ်းနေပြန်ပြီဆိုတဲ့ သရော်တော်တော်အမြင်မျိုး။ ဒီအမြင်ကတော့ တော်တော်ဆိုးတယ်။

လူတချို့ဆီမှာ အမျိုးသားတွေဆီမှာရော၊ အမျိုးသမီးတွေဆီမှာပါ ဒီအမြင်မျိုးဟာ နှစ်ပေါင်းများစွာ အရိုးစွဲနေတတ်တာဆိုတော့....
Read more...

No comments:

Post a Comment