Thursday, April 02, 2009

လတ်ဆတ်တဲ့ လက်ဖက်ကို ဘယ်လို ရနိုင်သလဲဆိုတဲ့ နည်းလမ်းများ

ကျမတို့ လက်ဖက်ကို ၀ယ်ယူစားသုံးတဲ့အခါမှာ ဘယ်လို ၀ယ်ယူစားသုံးသင့်သလဲဆိုတာကို အနည်းအကျဉ်းပါးလိုက်ချင်ပါတယ်။ ကျမတို့ ဗမာ ပြည်သူ၊ သားတွေဟာ လက်ဖက်ကို စွဲစွဲလမ်းလမ်း စားသုံးကြတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ပြုလုပ်ထားသော Ready Made ကို ၀ယ်ယူစားသုံးသလို Ready Made မဟုတ်တဲ့ လက်ဖက်ကိုလည်း ၀ယ်ယူစားသုံးတာ တွေ့ရှိရပါတယ်။ နအဖက အ၀ါရောင် ဆိုးဆေး သုံးခြင်းအားဖြင့် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကြေညာထားပါတယ်။ အကယ်၍ သဘာဝ ဆိုးဆေးမဟုတ်ဘူးဆိုရင် တကယ်ပဲ ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာကို ထပ်လောင်းပြီး ပြောချင်ပါတယ်။

ကျမတို့တတွော လက်ဖက်ကို စွဲစွဲလမ်းလမ်း စားသုံးနေကြတဲ့အတွက် မစားဘဲလည်း မနေနိုင်ပါဘူး။ ဒါပေမယ့် ကျမတို့က လက်ဖက်ကို ဘယ်လို ၀ယ်ယူစားသုံးသင့်သလဲဆိုတာကို ပြောချင်ပါတယ်။ ကျမတို့ Ready Made လက်ဖက်ကို မ၀ယ်စားနဲ့လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် အခုလက်ရှိ လက်ဖက်ဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် လတ်ဆတ်တဲ့ လက်ဖက်ကို ၀ယ်ယူစားသုံးပါလို့ ပြောချင်ပါတယ်။

လတ်ဆတ်လက်ဖက်ဆိုတာ ဘယ်လိုလဲပေါ့။ လတ်ဆတ်တဲ့ လက်ဖက်ဆိုတာ ဘယ်ဆိုးဆေးမှ မပါပါဘူး။ ဆိုးဆေးမပါတဲ့ဟာကို ဘယ်လိုကြည့်နိုင်သလဲလို့ မေးလာနိုင်ပါတယ်။

လက်ဖက်အသားကို ကိုင်ယုံနဲ့လက်ဖြားလေးတွေဝါသွားမယ်ဆိုရင်တော့ ဆိုးဆေး သုံးတာ သေချာပါတယ်။ ဒါပေမဲ့ ဆိုးဆေးက အစားအသောက်မှာထည့်တဲ့ဆိုးဆေးဆိုရင်တော့ ဘေးဥပဒ်က FDA ကြေညာ သလိုမျိုး မများနိုင်ပါဘူး။

အ၀တ်၊ ချည်၊ သရေ တွေမှာသုံးတဲ့ အ၀ါရောင်ဆိုးဆေးသုံးရင် လက်ဖက်သားမှာ ကြာကြာစွဲထင်စေတာကြောင့် သုံးကြ တာဖြစ်နိုင်ပါတယ်။ အစားအသောက်မှာသုံးရမဲ့ လက်ဖက်ဆိုးဆေးကတော့ အဲဒီလောက်ထိ အရောင်ကြာရှည်မဆွဲပါ။

လက်ဖက်သားကို ကိုင်ပေမဲ့ လက်ခြောက်သွားရင် အ၀ါရောင်မစွန်းဘူး၊ အရောင်ကူးလွယ်တဲ့အဖြူရောင်အ၀တ်စလိုမျိုး က လက်ဖက်သားနဲ့ထိတွေ့ပြီး ခြောက်သွားလို့ အ၀ါရင့်ရောင်စွန်းထင်ခဲ့မယ်ဆိုရင် အဲဒီလက်ဖက်ဟာ ဆိုးဆေးသုံးတာ မဟုတ်ပါဘူး။ လက်ဖက်အဆီအနှစ်ရဲ့ နဂိုအရောင်ကိုက ၀ါကျင့်ကျင့်နဲ့ အနီရောင်နဲနဲသမ်းနေတတ်တာပါ။

ကဲ လက်ဖက်ကို ကြိုက်သော ပရိသတ်တွေ ဒီနည်းလမ်းကို အသုံးပြုပြီး လက်ဖက်ကို ၀ယ်ယူစားသုံးကြပါလို့ မှာကြားချင်ပါတယ်။ Read more...

No comments:

Post a Comment