တောင်ယာ/ လယ်ယာ
ပလောင်လူမျိုးများသည် လက်ဖက်အပြင် ဒုတိယ ပင်မ အသက်မွေးဝမ်းကျောင်း တောင်ယာ၊ လယ်ယာကိုလည်း စိုက်ပျိုးစားသုံးကြပါသည်။
တောင်ယာစိုက်ပျိုးရာတွင် သုံးနှစ်တစ်ကြိမ် နေရာပြောင်းရွှေ့ စိုက်ပျိုးရပါသည်။ တောင်ယာစိုက်ပျိုးသည့်အခါ တွင် ရေမလိုအပ်ပေ။ တောင်ယာစိုက်ပျိုးသည့်အခါတွင် တောင်စောင်း၊ တောင်းကမ်းပါးများ၊ ကုန်းမြင့်များတွင် စိုက်ပျိုးပါသည်။ လူအင်အားနှင့် ရင်းနှီးပြုလုပ်ထားရပါသည်။ လယ်ယာစိုက်နိုင်ရန်အတွက် သစ်ပင်၊ ချုံနွယ်အစရှိသည့်တို့ကို ခုတ်ရှင်းရပါသည်။
တောင်ယာခုတ်ရှင်းသည့်အခါတွင် သီးတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလတွင် ပြုလုပ်လေ့ရှိပါသည်။ ခုတ်ထားသော သစ်ပင်တို့ကို တန်ခူးလတွင် မီးပြန်ရှို့ရပါသည်။ များသောအားဖြင့် တောင်ယာထိုးထားသည့်အခါတွင် ပေါက်ပြားထူးရွင်းများနှင့် တူးဆွခြင်းဖြင့် လူအင်အားနှင့်အသုံးပြုရပါသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် တောင်ယာ စပါးကောက်လှိုင်းများကို တလင်း၌ နယ်ကြသည်။
တောင်ယာစိုက်ပျိုးခြင်း ပင်ပန်းသော အလုပ်တခုဖြစ်ပါသည်။ သုံးလေးကြိမ် စိုက်ပျိုးသည့်အခါတွင် မြေသြဇာ နည်းပါးသည့်အခါတွင် တနေရာသို့ ပြောင်းရွှေ့ရပါသည်။
လယ်ယာ
လယ်ယာများကို နွေရာသီတွင် လယ်ယာမြေကို ပြန်လည် တူးဆွခြင်းပြုလုပ်ပါသည်။ စပါးပျိုးသည့်အခါတွင် တပေါင်းလလောက်ဖြစ်ပါသည်။ မိုးတွင်းချိန်တွင် စပါးကောက်စိုက်ချိန်ဖြစ်ပါသည်။ ၀ါခေါင်းနှင့် တော်သလင်း လတွင် စပါးပေါင်းသင်းရှင်းလင်းချိန်ဖြစ်ပါသည်။ သတင်းကျွတ်လ၊ စပါးရိတ်သိမ်း ထားပါသည်။ တန်ဆောင်မုန်း လတွင် စပါးကို ရိုက်သိမ်းအချိန်ဖြစ်ပါသည်။
လယ်ယာတွင် ရေရှိသော နေရာတွင် စိုက်ပျိုးရပါသည်။ လူအင်အားကို အသုံးပြုရသလို ကျွဲအင်အားကိုလည်း များသောအားဖြင့် အသုံးပြုရပါသည်။
မီးသွေး
နမ့်ခမ်းမြို့နယ်တွင် အဓိက ပင်မ စီးပွားရေးမှာ မီးသွေးဖြစ်ပါသည်။ မီးသွေးကို နွေရာသီနှင့် ဆောင်းရာသီတွင် အဓိက ပြုလုပ်ပါသည်။ မီးသွေးပြုလုပ်သည့်အခါတွင် ပထမဦးဆုံး တောပေါ်များသော နေရာတွင် ရှာဝယ်ထား ရပါသည်။ မီးကျင်းတူးရပါသည်။ တောပေါ်မူတည်ပြီး ကျင်းတူးရပါသည်။ ကျင်းမကောင်းလျှင် ကျင်းပြိုတက် ပါသည်။
ထင်းခုတ်၊ ထင်သယ် များသောအားဖြင့် လူအင်အားနှင့် အသုံးပြုရပါသည်။
No comments:
Post a Comment