(၁)
ကျမတို့ ပလောင်လူမျိုးများက များသောအားဖြင့် လက်ဖက်၊ လယ်ယာ၊ တောင်ယာဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ ရပ်ရွာနှင့် အသက်မွေးဝမ်းကျောင်းပြုတဲ့နေရာ အလွန်ဝေးကွာတဲ့အတွက်ကြောင့် တောင်ယာနဲ့ လက်ဖက်ခင်းမှာပဲ အိပ်တတ်ကြပါတယ်။ အသွားအပြန်အချိန်တွေအတွက် သက်သာအောင်ရယ်၊ အလုပ်လုပ်ချိန် ပိုပြီး အချိန်ပို ပိုလုပ်နိုင်အောင်ရယ်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲနဲ့ အသက်မွေးဝမ်းကျောင်းအတွက် စားဝတ်နေရေးကို ရှာဖွေရပါတယ်။
မန်တုန်မြို့နယ်မှာ မမျှော်လင့်ဘဲ အောက်တိုဘာ ၂၈ရက်နေ့ ညတညမှာ လူသားတွေ အိပ်မောကျတဲ့အချိန် မနက် ၁နာရီ အချိန်အတွင်း မိုးကြီး၊ လေကြီး ရုတ်တရက် ကျရောက်လာပါတယ်။ လက်ဖက်ခင်း၊ တောင်ယာ၊ လယ်ယာမှာနေတဲ့လူတွေက မျှော်လင့်မထားတဲ့ ကိစ္စရပ်တခုကြောင့် လက်တွေ့ကြုံတွေ့နေရပါတယ်။ ဧရာဝတီမှာ ကြုံတွေ့နေရတဲ့ နာဂစ်လိုမျိုးဖြစ်ပါတယ်။
(၂)
မြေပြို၊ ရေကြီးဒဏ်ကြောင့် အိပ်ချင်မူးတူးနဲ့အတူ မပြေးမလွှာနိုင်ဘဲ မြေပိ၊ သစ်ပင်လဲကျ၊ ရေကြီးဒဏ်ကြောင့် ရွာသား ၁၃ဦး အသက်ပါ စတေးခဲ့ရပါတယ်။ အချို့ ရွာသားများရဲ့ အလောင်ကို ရှာမတွေ့သေးပါဘူး။ အချို့ လင်မယား နှစ်ယောက်စလုံး သေဆုံးပြီး သား၊ သမီးငယ်တွေကို ပစ်ထားခဲ့ရပါတယ်။ အချို့ မိသားစုတစုလုံး သေဆုံးခဲ့တယ်။ အချို့ကျတော့ သေမိန့်က ခေါ်မသွားပေမယ့် ဒဏ်ရာထောင်ပေါင်းများစွာနဲ့ အသက်ရှင်လျက် ကျန်ရှိတယ်။ ပြီးတော့ ကျွဲ၊ နွား၊ မြင်းတွေလဲ သေဆုံးခဲ့ပါတယ်။ ကျမတို့ ပလောင်လူမျိုးတွေဟာ အဓိက ကျွဲ၊ နွား၊ မြင်းကို မှီခိုအားကိုးနေရပါတယ်။ ပလောင်ဒေသမှာ လယ်ထွန်းစက် လုံးဝ မရှိပါဘူး။ ဒါကြောင့် ကျွဲကို အဓိက မှီခိုနေရပါတယ်။ နွားနဲ့မြင်းကျတော့ လက်ဖက်ခင်းမှာ အဓိက အသုံးပြုသလို ထင်းသယ်တဲ့မှာဆိုရင် ပိုပြီး အသုံးပြုပါတယ်။ ရပ်ရွာဒေမှာ လမ်းပမ်းဆက်သွယ်ရေး မကောင်းတဲ့အတွက်ကြောင့် မြို့ပေါ်မှာ ကုန်ပစ္စည်းသယ်ယူတဲ့အချိန်မှာ မြင်းကို ပိုပြီး အားကိုးအားထားရပါတယ်။ စပါးလဲ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တင်းပေါင်း (၆၀၀၀)ကျော်လောက်ရှိပါတယ်။ လက်ဖက်ခင်းလဲ ပျက်စီးဆုံးရှုံးမှု များစွာရှိပါတယ်။ ပျက်စီး ဆုံးရှုံးသွားတဲ့ လယ်ယာ၊ တောင်ယာ၊ လက်ဖက်ခင်းတွေ အခုတော့ ချက်ချင်း အစားထိုးပြီး ပြန်စိုက်လို့မရပါဘူး။ လယ်ယာမှာဆိုရင် ကျောက်တုံးကျောက်ခဲတွေနဲပ ပြည့်နှံ့နေတယ်။ စပါးပြန်စိုက်လို့မရပါဘူး။
တောင်ယာနဲ့ လက်ဖက်ခင်း၊ သစ်ပင် အကျိုးအပဲ့၊ မြေပြိုတဲ့ ဒဏ်ကြောင့် လက်ဖက်ခင်းတွေ တောင်ကမ်းပါးတွေလို ဖြစ်လာတယ်။ လက်ဖက်ကို အစားထိုးပြီး စိုက်ပျိုးဖို့ဆိုတာ ချက်ချင်းကြီး မဖြစ်နိုင်တဲ့ ကိစ္စပါ၊ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက် တပင်ရဖို့ ၅ နှစ်လောက် အချိန်ပေ၊ ပြုစုမှ စားသုံးလို့ရမှာဖြစ်ပါတယ်၊ ၅နှစ်ဆိုတာ လက်ဖက်ပင်ဟာ အပင်ကြီးကြီးဖြစ်လာတာမဟုတ်ပါဘူး။ နောက်ထပ် ၃နှစ်လောက် ပြုစု ပျိုးထောင်မှ လက်ပင်ကောင်း တပင်ဖြစ်လာပါတယ်။ အခုတော့ သူတို့ခများ အသက်ကိုလဲ စတေးခဲ့ရသလို ပျက်စီးဆုံးရှုံးခဲ့တဲ့ တောင်ယာ၊ လယ်ယာ၊ လက်ဖက်ခင်းတွေအတွက်လည်း အကူအညီပေးမဲ့သူမရှိ။
ဒီတခါပဲ ဖြစ်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်တုန်းက နမ့်ဆန်ဘက်မှာ မြေပြိုမှု ဖြစ်ပါတယ်။ မြေပိမှုကြောင်ံ လူပေါင်းများစွာ သေဆုံး၇သလို မြေပြိုမှုကြောင့် လက်ဖက်ခင်း၊ တောင်ယာမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ၂၀၀၁ခုနှစ်တုန်းကလည်း ကျမတို့ ပလောင်ပြည်သူလူထုကို နအဖများက ၀င်ရောက် ကူညီမှု လုံးဝမရှိခဲ့ပါဘူး။
(၃)
ကျမတို့ ပလောင်ပြည်သူထူထု ဒုက္ခဟာ ဗမာပြည်ရဲ့ ဒုက္ခတခုပါပဲ။ ဘာကြောင့် နအဖတွေက လျစ်လျှူရှုထားရသလဲ။ လက်ဖက်ခြံ၊ လယ်ယာတချို့ကို အားကိုးပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်စားသောက်ရတယ်။ လက်ဖက်ခြောက် တပိဿကို ကျပ်ငွေ ၅၀၀-၆၀၀လောက်ပဲရပါတယ်။ စပါးတွေလဲ ရေကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသလို လက်ဖက်ခင်းလဲ မြေပြိုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စီးပွားရေး ကျပ်တည်းနေတဲ့အချိန်မျာ ဘာကြောင့် လူသားချင်း စာနာထောက်ထားမှုမရှိဘဲ ဖိနှိပ်ချင်ကြသလဲ။
ဒုက္ခရောက်ခဲ့တဲ့ ပလောင်ပြည်သူတွေကို နအဖ တာဝန်ယူကူညီထောက်ပံ့မှုမရှိတဲ့အပြင် နအဖ ၀န်ထမ်းမြေစာရင်းတချို့က စာမတတ်၊ ပေမတတ်တဲ့ ရွာတွေမှာ လိုက်လံပြီး မြေခွန်၊ ယာခွန် (တောင်ယာ၊ လက်ဖက်ခြံ၊ လယ်ယာ) အစရှိတဲ့ အခွန်အခကို လိုက်လံပြီး ကောက်ခံနေပါတယ်။ ဒါ့အပြင် မြေပြိုဧရိယာမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ၀န်ထမ်းများလည်း နအဖမှ ထောက်ပံ့ကြေးတွေ မရတဲ့အတွက်ကြောင့် စီးပွားရေး အခက်ခဲဖြစ်နေတယ်။ သူတို့ရဲ့ အခက်ခဲတွေကတော့ ပပြောပလောက်ပါဘူး။ ဆင်းရဲငတ်မွဲနေတဲ့ ဝေဒနဒဏ်လောက် အခက်ခဲမဖြစ်သေးပါဘူး။ မြေအခွန် တအိမ်လျှင် ကျပ်တထောင် လိုက်ကောက်ခံနေတယ်။ စပါးကြိတ်စက် တလုံးကို ကျပ် (၂သောင်းမှ ၃သောင်း) အထိကောက်ခံပါတယ်။
မြို့နဲ့ ဝေးလံတဲ့ တောခေါင်နေရာမှ တကယ်ပဲ ပေမတတ်၊ စာမတတ်ဖြစ်ပါတယ်။ မြို့နဲ့ နည်းနည်းနီးပြီး ဗမာစာ အနည်းအကျဉ်း ဖတ်တတ်၊ ရေးတတ်သူဟာ အထက်က ပြေစာကို မေးပါတယ်။ ပြေစာမရှိရင် အခွန်အခတွေ လုံးဝမပေးနိုင်ဘူးလို့ ကြောက်ကြောက်နဲ့ ငြင်းဆိုလိုက်ပါတယ်။
(၄)
ဗမာပြည် အခွန်နဲ့ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ပြီး ကောက်ခံတာလည်း လုံးဝမရှိဘူး၊ တဖွဲ့ပြီးတဖွဲ့ လိုက်ကော်ကနေပါတယ်။ ဘယ်အဖွဲ့မှန်းတောင် မသိပါဘူး။ လာကောက်တဲ့အချိန်မှာ တကယ် သူတောင်းစားလို အသနားခံပြီး လိုက်တောင်းတာမဟုတ်ဘဲ ရာထူးကို မှီခိုအားကိုး ခြိမ်းခြောက်ပြီး လိုက်ကောက်နေတယ်။ တဖက်တလမ်းက ၀င်ရောက်ပြီး ကူညီဖြေရှင်းမှုမရှိတဲ့အပြင် ကြားပေါက်မှ စားလို့ရရင် စားမှာပဲဆိုတဲ့ အသိတရား ခေါင်းပါးတဲ့ နအဖ၀န်ထမ်းတွေ----။
(၅)
နအဖတွေရဲ့ ဥပဒေဆိုတာဘာလဲပေါ့။ ပြည်သူလူထုအတွက် ဥပဒေဆိုတာလည်း သတ်သတ်မှတ်မှတ်မရှိဘူး။ နအဖ ၀န်ထမ်းအားလုံးမှန်သမျှ ရပ်တည်နေတဲ့ ပြည်သူလူထုအတွက် အကျိုးမပြုဘဲ သူတို့ကိုယ်ကျိုးအတွက်ပဲ ကြည့်နေကြတယ်။ ဗမာပြည်တခုလုံးရဲ့ အခက်ခဲပြဿနာနဲ့ မတိုင်းတားချင်ပါဘူး။ အခုလက်ရှိ ပလောင်ဒေသမှာ ကြုံတွေ့နေရတဲ့ ဆင်းရဲ ငတ်ပြတ်မှုကို ၀င်ရောက်ပြီး ဖြေရှင်းမှုတောင် မပေးနိုင်ဘူး။ ပြီးတော့ နအဖ၀န်ထမ်းတွေ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ပလောင်ပြည်သူလူထုအပေါ် စာနာထောက်ထားမှုမရှိဘဲ သွေးဖောက်စားလို့ရရင် ဖောက်စားမဲ့ စိတ်ဓါတ်မျိုးတွေဖြစ်နေတယ်။ အနာဂါတ်ဗမာပြည်ကြီးကို အုပ်ချုပ်မယ်ဆိုရင် မတွေးဝံ့စရာပါဘဲ၊ ပျက်စီးနေတဲ့ ဗမာပပြည်ကြီး ပိုပြီးတော့ ပျက်စီးလာမှာ သေချာပါတယ်။ နအဖကို တဖက်သတ်အနေနဲ့ စွက်စွဲတာတော့ မဟုတ်ပါဘူး။ လက်တွေ့ခ့စားနေရလို့ ပြောနေတာဖြစ်ပါတယ်။
(၆)
ကျမတခုတောင်းဆိုချင်ပါတယ်။ မန်တုန်မြို့နယ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရှိပါတယ်။ မရှိဆင်းရဲတဲ့ ပလောင်ပြည်သူလူထု တွေကို ကူညီပေးသလို ပလောင်ကလေးတွေ့ရဲ့ ကျောင်းတက်နိုင်အောင် ဆန်တွေ ဝေပေးတဲ့အပိုင်းရှိပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ ဆင်းရဲမှုနဲ့ ကြုံတွေ့နေရတဲ့ ပလောင်ပြည်သူလူထုကို ထည်းထည်းဝင်ဝင် ကူညီစေချင်ပါတယ်။ ပလောင်ပြည်သူလူထု တကယ်ပဲ ဒုက္ခကြုံတွေ့နေရတာဖြစ်ပါတယ်။ ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
ဤအကြောင်းအရာကို ပလောင်အမျိုးသမီးအစည်းအရုံး၏ သတင်းနှင့် ပြည်တွင်းက ပေးပို့သောစာများကို ကိုးကားပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
No comments:
Post a Comment