ပလောင်လူမျိုးများသည် ထမင်းကို ပုံမှန် သုံးနပ် စာလေ့ရှိပါသည်။ ရွှေဖီချိန်တွင် မနက်စာကို မနက် (၄-၅) စားလေ့ရှိပါသည်။ နေ့လည်ချိန်တွင် (၁၂)မှ ၁၂ခွဲအထိ စားတတ်ပါသည်။ ညနေစာတွင် (၈-၁၀) နာရီအထိ စားလေ့ရှိပါသည်။
ပလောင်ဒေသတွင် အသား၊ ငါး ရှားပါးသည်။ ခြံထွက် ဟင်းသစ်ဟင်းရွက်ဖြင့် စားသုံးလေ့ရှိပါသည်။ များသောအားဖြင့် ပလောင်လူမျိုးများသည် အမဲသားကို သိပ်စားလေ့မရှိချေ။
ပလောင်လူမျိုးသည် မျှစ်ချဉ်၊ ခြောက်ကို အိမ်တိုင်းလိုလို ထားလေ့ရှိသည်။ မျှစ်ချဉ်ကို ဟင်းရည်၊ ဟင်းသုတ်သည့်အခါတွင် အများဆုံး အသုံးပြုပါသည်။ ထို့ပြင် မုန်ညင်းချဉ် (အချဉ်ဖတ်) ၊ ခြောက်၊ မုန်ညင်းခြောက်နှင့် ညောင်ချဉ်ခြောက်၊ ပဲပုတ် စသည့်တို့ကိုလည်း အိမ်တိုင်းတွင် ပြုလုပ်ထားပါသည်။ ရွှေဖီချိန်တွင် ခြံထွက်ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့်အချိန်မဟုတ်သည့်အတွက် ရွှေဖီချိန်တွင် များသောအားဖြင့် စားသုံး လေ့ ရှိပါသည်။
ခြံထွက် ဟင်းသီးဟင်းရွက်မှာ ပြောင်းဖူး၊ ရွှေဖရုံသီး၊ ဗူးသီး၊ ပဲထောင့်၊ မုန်ညင်း၊ ဂေါ်ရခါးသီး၊ နံနံပင်၊ ကြက်သွန်မိတ်၊ ကုလားနံနံ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး(အသေးစား)၊ ပန်းမုံလာ၊ ဖော့သီး၊ ခရမ်းကစောင့်ပင်၊ ငရုပ်သီး၊ ဂျူးမြစ်၊ ဂျင်းမျိုးစုံ၊ ချဉ်ပေါင်း၊ သံဖရာသီး၊ အစရှိသည့်တို့ကို စိုက်ပျိုးလေ့ရှိပါသည်။ မြို့နှင့်အလွန်ဝေးကွာသည့်အတွက်ကြောင့် ခြံထွက်ကို အားကိုးပြီး စားသုံးလေ့ရှိပါသည်။
No comments:
Post a Comment