နမ့်ဆန်မြို့နယ် အနောက်ကင်းနှင့် ဇယန်းကြီးတို့တွင် ရှေးအခါက အမျိုးသမီး၊ အမျိုးသား ၁၁-၁၂နှစ်ခန့် အပျို၊ လူပျိုဘောင်ဝင်စပြုလာလျှင် ရပ်ရွာရှိ ဇရပ်တဆောင်တွင် စုဝေး၍ အပျိုကြီး၊ လူပျိုကြီးများက ဦးဆောင်ကာ ဘိသိက်သွန်းလေ့ရှိကြသည်။ ဘိသိက်သွန်းခြင်းမှာ အပျို၊ လူပျိုအဖွဲ့ စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း တမျိုးပင်ဖြစ်ပေသည်။
ထိုအချိန်အခါမှစ၍ ရပ်ရွာအတွင်းရှိ အပျို၊ လူပျိုများမှာ ဘောင်ဝင်သည့် သဘောမျိုးဖြစ်သွားပြီး သာရေး၊ နာရေး ကိစ္စပေါ်လျှင် စုပေါင်းလုပ်ကိုင်လေ့ရှိကြသည်။ ဥပမာ အပျိုများက လက်ဖက်ရည်အိုးလှူလျှင် လူပျိုများက ပန်းကန်များလှူကြသည်။ အပျို၊ လူပျိုများ စုပေါင်းကောင်းမှုဖြစ်သည့် အပျို၊ လူပျို ဘုရားကို ယခုတိုင် ယခုတိုင် ဇယန်းကြီးရွာ တောင်ကုန်းပေါ်တါင် တွေ့နိုင်ပေသည်။
အပျို၊ လူပျို ဘိသိက်သွန်းသည့်စံနစ်ကို ယခုအခါ အချို့က ဖျက်လိုကြပေသည်။ သို့သော် လုံးဝ မအောင်မြင်သေးပေ။ အပျို၊ လူပျိုများကို အသင်းသဘောမျိုး စုပေါင်းဖွဲ့စည်းထားခြင်းဖြင့် စည်းရုံးမှု အလိုအလျောက် ရရှိလာနိုင်ပေသည်။ အချင်းချင်းလည်း စည်းစောင့်ကြသည့်အတွက် ပြောပလောက်သည့် မှားယွင်းမှုမျိုး မတွေ့ရပေ။
Read more...
Saturday, March 14, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment