Saturday, March 14, 2009

အမွေးဆက်ခံခွင့်

ပလောင်လူမျိုးများသည် များသောအားဖြင့် မိဘ၏ အရိုက်အရာကို သားအကြီးဆုံးက ဆက်ခံပိုင်ခွင့်ရှိပါသည်။ တခြားသော လက်ဖက်ခြံ၊ တောင်ယာ၊ လယ်ယာတို့ကို ညီတို့ကို ခွဲဝေပေးလေ့ရှိသည်။

တချို့သော မြို့နယ်တွင် များသောအားဖြင့် သားအငယ်ဆုံးကို မိဘအရိုက်အရာ ဆက်ခံခွင့်ပေးထားပါသည်။ သားအကြီးဆုံးက အရင်အိမ်ထောင်ကျပြီး အိုးခွဲပေးထားလေ့ရှိပါသည်။

တချို့သော ခေတ်ပညာတတ်သော မိဘများက သမီး မိန်းကလေးများကို သားယောက်ျားနှင့် တန်းတူ အမွေးခွဲပေးပါသည်။

တချို့သောရွာတွင် “သားကိုသခင် လင်မယားကို ဘုရား” ဆိုတဲ့ စကားပုံအတိုင်း သားကို ကိုးကွယ်၊ လင်ကို ကိုးကွယ်ပြီး သမီး မိန်းကလေးများကို လုံးဝ အမွေးခွဲဝေပေးလေ့မရှိပါ။ သမီး မိန်းကလေးသာမက ကိုယ့်မွေးထားသော မွေးမိခင်ပါ အမွေးရပိုင်ခွင့်မရှိချေ။ ဥပမာ မိသားစု တစုသည် သမီးမိန်းကလေးများဖြင့် မွေးထားပြီး အဖေက အမေထက်စောစွာ သေဆုံးလျှင် အမွေးများကို အဖေဘက် အမျိုးတော်စပ်သူ ဦးကြီး၊ ဦးလေးတို့ကို အမွေးထိန်းသိမ်းထားပိုင်ခွင့်ရှိပါသည်။ Read more...

No comments:

Post a Comment