ပလောင်လူမျိုးတို့သည် မိသားစု အိမ်ထောင်စုများ အဆောက်အဦးတခုတည်းတွင် စုပေါင်းနေထိုင်လေ့ရှိသည်။ တချို့သော ပလောင်လူမျိုးတို့သည် အိမ်လျားကြီး ဆောက်ပြီး အိမ်ထောင်စုပေါင်း ၄-၅အိမ်ထောင်စုမှ ၁၂အိမ်ထောင်စုအထိ တစည်းတလုံးတညိစုပေါင်းနေထိုင်ကြပါသည်။ ဤတွင် မိသားစုဝင်များအားလုံး စည်းလုံးခြင်းကို ပြသခြင်းလည်းဖြစ်ပါသည်။ များသောအားဖြင့် ပလောင်လူမျိုးတို့ အေးချမ်းတည်ကြည်သော တောင်ပေါ်နေရာတွင် နေထိုင်လေ့ရှိပါသည်။
တချို့သော ရွာတွင် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်မှုကြောင့်သော်လည်းကောင်း၊ အဆင်ပြေသော မိသားစုဖြစ်၍ သော်လည်းကောင်း၊ သူမိသားစု ကိုယ်မိသားစု လွတ်လွတ်လပ်လပ် နေလိုစိတ်ကြောင့်သော်လည်းကောင်း တအိမ်လျှင် တမိသားစုဖြင့် သီးခြားနေထိုင်လေ့ရှိသည်။
အိမ်တအိမ်တွင် များသောအားဖြင့် ဖခင်က အိမ်ထောင်ဦးစီးဖြစ်ပါသည်။ အိမ်ထောင်စုပေါင်းအားလုံးနေသော အိမ်ကြီးတခုလုံးအား အသက်အရွယ် အကြီးဆုံး၊ ၀ါအရင့်ဆုံး ယောက်ျားကြီး အကြီးအကဲအဖြစ် ဆောင်ရွက် သည်။
ရွာ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရွာဥက္ကဌကို အမျိုးသားများဖြင့် ခန့်အပ်လေ့ရှိပြီး ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပါသည်။ အမျိုးသမီးများကို ရပ်ရွာ၏ သာရေး၊ နာရေးလောက်တွင် ပါဝင်လေ့ရှိပါသည်။
Read more...
Saturday, March 14, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment