ပလောင်လူမျိုးတို့သည် များသောအားဖြင့် ခေတ်မှီသော စာပေစာယူစနစ် ကျင့်သုံးခြင်း အလွန်နည်းပါးသည်။ လူပျိုများသည် အပျိုအိမ်တွင် လွတ်လွတ်လပ်လပ် အိမ်ပေါ်တက်၍ စကားပြောခွင့်ရှိပါသည်။ မိဘများသည် နားလည်မှုပေးပြီး အချိန်အစောကြီး အိပ်လေ့ရှိပြီး ရှောင်ပေးထားပါသည်။
တခါတလေ လူပျို (၃-၅)ယောက် အထိ အပျိုအိမ်ကို လာရောက်ခွင့်ရှိပါသည်။ ပထမဦးဆုံးရောက်ရှိလာသော လူပျိုသည် အပျိုမလေးနှင့် ပထမ ဦးဆုံးစကား ပြောပိုင်ခွင့်ရှိပါသည်။ အစဉ်လိုက်အတိုင်း စကားပြောရပါတယ်။ တချို့သော လူပျိုများသည် တခြားသော လူပျိုကို ငဲ့တဲ့အနေနဲ့ နာရီပိုင်းအနည်းငယ်သား စကားပြောပြီး ထပြန်သွားတတ်သည်။ တချို့သော လူပျိုသည် ညစ်ပတ်ပြီး ကိုယ့်သူငယ်ချင်းကို အလှည့်မပေးချင်၍ သူတယောက်ထဲ အချိန်ကြာကြီး ထိုင်ပြောလေ့ရှိပါသည်။
စကားပြောသည့်အခါတွင် အပျိုများက တခါတလေ ညနေစား မစားသေးဘဲ လူပျိုများက ရောက်ချတတ်ပါသည်။ အဖိတ်၊ ဥပုဒ်နေ့ညဆိုလျှင် အချိန်ကို ပို၍ ထိုင်ပြောလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အဖိတ်၊ ဥပုဒ်တွင် အလုပ်နားလေ့ရှိပါသည်။ မိုးလင်းပေါက်အထိ ထိုင်တတ်ပါသည်။ တချို့သော အပျိုလေးများသည် မနက်မိုးလင်းတာနဲ့ မအိပ်ဘဲ ထမင်း၊ဟင်း တခါထဲ ချက်ထားပါသည်။
တချို့သော မိဘများသည် သားသမီးကို နားလည်ပြီး ဘာမှ မပြောဘဲ စကားကောင်းကောင်းမွန်မွန် ပေးပြောပါသည်။ တချို့သော မိဘများသည် လူပျိုကို သိပ်ပြီး သဘောမကျဘူးဆိုရင် လုံးဝ မရှောင်ပေးချေ။ သမီးမိန်းကလေးနှင့်အတူ လူပျိုနှင့် ၀ိုင်းဖွဲ့၍ စကားထိုင်ပြောပါသည်။
စကားပြောသည့်နေရာတွင် ပလောင်အိမ်သည် မီးပုံဝိုင်းတခု အိမ်တိုင်းလိုလို ရှိထားပါသည်။ မီးပုံဝိုင်းတွင် ထိုင်ပြီး စကားပြောရပါသည်။ ချောင်ကြို ချောင်ကြားတွင် စကားပြောခွင့်မရှိပေ။ စကားပြောရင် အခါကြမ်းကို သောက်တတ်သလို တခါတလေ ကွမ်း၊ဆေးစားတတ်သော အမျိုးသားရှိလျှင် ကွမ်း၊ဆေးနှင့် ဧည့်ခံထားပါသည်။
လူပျိုလှည့်နည်းမှာ တနေရာနှင့် တနေရာ မတူကြပေ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်တုန်းကဆိုရင် လူပျိုများက (၄-၅)ယောက်လာပြီးဆိုလျှင် တချို့သော လူပျိုများက အကျင့်ပုတ်ပြီး အပျိုအိမ် လှေကား (သို့) ပစ္စည်းတခုခု ယူသွားလေ့ရှိပါသည်။ မိဘများက တောင်းပန်ပြီး ပစ္စည်းကို သွားယူရပါသည်။ အပေါက်နှင့် စကားပြောဓလေ့လည်းရှိပါသည်။ အခုတော့ အပေါက်နှင့် စကားပြောသော ဓလေ့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပါသည်။
Read more...
Saturday, March 14, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment