(၁)
ညီမလေးရေ--
ပထမတခေါက်တုန်းက နေကြပ်တဲ့ နေ့မှာ ရပ်သွားတဲ့ ကမ္ဘာ၊ အချို့က ချစ်စရာ အချို့က-----ဆိုတဲ့ ပလောင်အမျိုးသမီးအခြေအနေအကြောင်းကို ပြောပြခဲ့ဖူးတယ်နော်။ အခုလဲ ညီမလေးက ပလောင်အကြောင်းကို ထပ်မံပြီး ပြောပြပါလို့ တောင်းဆိုးနေတယ်။ အစ်မ ဘာအကြောင်းတွေ ထပ်ပြောရင် ကောင်းမလဲလို့ စဉ်းစားနေတယ်။ အစ်မ ပလောင်အမျိုးသမီးအကြောင်းတွေ ရင်ထဲမှာ နှစ်နှစ်ကာကာ ခံစားနေရတဲ့ ဒုက္ခတွေကို မပြောရသေးဘူး။ အစ်မတို့ အားကိုးခဲ့တဲ့ စစ်တပ်တွေ လက်နက်တွေ အပြီးအပိုင်အပ်ခဲ့ပြီးနောက်ပိုင်း ပလောင်အမျိုးသမီးတွေဟာ ထမင်းကို မျက်ရည်စားသုံးနေရတာကို အစ်မ ပြောပြချင်တယ်ကွယ်။
ဒီတခါတော့ ပလောင်အမျိုးသမီးတွေ ခံစားမှုကို အသေးစိတ်ပြောပြမယ်သိလား။ ပလောင်အမျိုးသမီးအကြောင်းသာမက တခြားသော တိုင်းရင်းသားလူမျိုးတွေရဲ့ အဖြစ်အပျက်ကိုလည်း နည်းနည်းပါးပါးပြောပြပေးမယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအနေလို့တောင် ညီမလေး ယုံမှာမဟုတ်ဘူး။ အစ်မတောင် ကြားရတဲ့အချိန်တုန်းကဆိုရင် ဟုတ်မှဟုတ်ရဲ့လားပေါ့။ အင်း--သေချာ ပြန်စုံစမ်းကြည့်လိုက်တော့ တကယ်ပဲ အစ်တို့ ဒေသတခုထဲဖြစ်တာ မဟုတ်ဘူးနော်။ တခြားသော ဒေသမှာလဲ ဖြစ်တယ်။ အစ်မတို့ နိုင်ငံအခြေအနေတွေက ဘယ်လောက်အထိ စုတ်ပျက်သတ်နေလဲဆိုရင် ညီမလေးသိမှာပါ။ အဓိက အစ်မတို့ဆီမှာ မိန်းကလေးတွေ မလုံခြုံတဲ့ဘ၀၊ စီးပွါးရေး မကောင်းတာတွေကို အခြေခံပြီး ပလောင်အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတယ်။
(၃)
ညီမလေးကြားမှာပေါ့--
“ရှမ်းပြည်နယ်တောင်းပိုင်း လွိုင်လင်ခရိုင် ဟိုပုံးကျေးရွာ။ ၀မ်ပန်ရွာတွင် တောင်ယာစိုက်ပျိုးရင်း အလုပ်လုပ်နေတဲ့ ပလောင်အမျိုးသမီး (၃) ဦးကို မိုင်နောင် အခြေစိုက် ခလရ (၉)က စစ်သား (၆)ယောက နေ့လည်နှစ်နာရီမှာ (နေခင်းကြောင်တောင်ကြီးမှာ) အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဒေသခံတဦးက ပြောတဲ့ သတင်းကိုလေ”
“အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာများနှင့် စစ်သားများလက်မှ လွတ်မြောက်လာပြီး ကျန်အမျိုးသမီးတဦးမှာ ဒဏ်ရာပြင်းထန်စွာရပြီး နအဖ စစ်သားများက ချုံပုတ်ထဲတွင်ထားခဲ့သည်။ ထိုအမျိုးသမီးအား အချိန်မှီဆေးရုံ မပို့နိုင်သော ကြောင့် ယခုလ ၁၃ရက်နေ့တွင် ဒဏ်ရာများနှင့် လွိုင်လင်ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ ရွာသားများမှ ခလရ (၉) တပ်ရင်းမှူးထံသွားရောက် တိုင်းကြားခဲ့သော်လည်း ယခုထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိသေးပေ”
(၄)
ဒီ ၃ယောက်ထဲပဲ မုဒိမ်းကျင်ခံရတာ မဟုတ်ဘူးနော်။ ၂၀၀၆ခုနှစ် ဇန်န၀ါရီလနဲ့ ဧပြီလအတောအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်း ပလောင်အမျိုးသမီး (၂၉)ဦး မုဒိမ်းကျင့်ခဲ့ရတယ်။
၂၀၀၆ခုနှစ် ဇန်န၀ါရီလ (၃) ရက်နေ့မှာ ခလရ (၅၁၅) စစ်သား (၁၀)ယောက်က ပလောင် အမျိုးသမီး (၃) ဦးကို မုဒိမ်းကျင့်ခဲ့တယ်။ မတ်လ တတိယအပတ်မှာ ခလရ (၅၁၅)က ပလောင်အမျိုးသမီး (၂) ဦးကို မုဒိမ်းကျင့်ခဲ့တယ်။ မတ်လထဲမှာပဲ ခလရ (၆၄) တပ်ရင်းက ပလောင်အမျိုးသမီး (၆)ဦးကို ပေါ်တာခေါ်ရင်းနဲ့ မုဒိမ်းကျင့်ပြန်တယ်။ တဆက်ထဲမှာပဲ မတ်လ ၂၃ရက်နေ့ ခလရ (၅၁၅)က ပလောင် အမျိုးသမီး (၅) ဦးကို မုဒိမ်းပြန်ကျင့်ပြန်တယ်။ မတ်လကုန်မှာ ခလရ (၅၁၅)က ပလောင်အမျိုးသမီး (၆) ဦးကို မုဒိမ်းကျင့်ပြန်တယ်။ ဧပြီလ (၃)ရက်နေ့မှာ ခလရ (၅၁၄)က ပလောင်အမျိုးသမီး (၇)ဦးကို မုဒိမ်းကျင်ခဲ့တယ်။
(၅)
ပလောင်ဒေမှာဖြစ်တဲ့ မုဒိမ်းမှု တခုထဲ မဟုတ်ပါဘူး။ ရှမ်းပြည်မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတခုကို ညီမလေးကြားဖူးမှာပေါ့။ ရှမ်းပြည်အမျိုးသီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ၂၀၀၂ခုနှစ် မေလက ထုတ်သွားသော “မုဒိမ်းကျင့်ခွင့် လိုင်စင်” ဟာ မိန်းကလေးငယ် စုးစုးပေါင်း (၆၂၅)ယောက်အပါအ၀င် ရှမ်းအမျိုးသမီးများအပေါ် မြန်မာစစ်တပ်များမှ ရှမ်းပြည်အတွင်း အဓိကဖြင့် ၁၉၉၆ခုနှစ်အကြား ကျူးလွန်ခဲ့သည့် မုဒိမ်းမှုများနှင့် အမျိုးမျိုးသော လိင်ပိုင်းအကြမ်းဖက်မှုပေါင်း (၁၃၇)မှုတို့နှင့်ပတ်သက်၍ အသေိးစတ်မှတ်တမ်းတင်ထားပါသည် ဆိုတဲ့ အစီရင်ခံစာကိုပေါ့။
(၆)
နောက်ထပ် အစ်မတို့ ဒေသမှာ မဟုတ်သော တခြားသော ကရင်ဒေသလဲရှိတယ်။ ကရင်အမျိုးသမီးအစည်းအရုံးက ထုတ်တဲ့ စာအုပ်လေ “တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲခြင်း” ကိုပေါ့။ အဲ့ဒီစာအုပ်လဲ မုဒိမ်းမှုပါပဲ။
အခုလဲ နောက်ထပ် တအုပ်ထုတ်ပြန်ပြီ။ “စိုးရိမ်မှတ်လွန် ရက်စက်မှုများ” အစီရင်ခံစာမှာ လူပေါင်း (၄)ထောင်နော်။ အတင်းအဓမ္မခိုင်စေမှု၊ မုဒိမ်းမှု၊ လူသတ်မှုစတဲ့ နှိပ်စက်မှု ပေါင်းစုံတွေပေါ့။ ကြားရတာကို နားထဲမှာ အရမ်းခါးသီးလှပါတယ် ညီမလေး------------
အမျိုးသမီးဖြစ်ရတာ ကံကောင်းတယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် ခံစားဖူးတဲ့ မိန်းကလေးတွေဟာ ယောက်ျားလေးအရမ်းဖြစ်ချင်တယ်လို့ ပါးစပ်က ပြောလာကြတယ်။ ခံစားဖူးတဲ့လူက ပိုပြီး သိမှာပါ ညီမလေးရေ-- မုဒိမ်းကျင့်ခံရရုံမကဘူး။ မုဒိမ်းကျင့်ပြီးရင် အသတ်ခံရတဲ့ အမျိုးသမီးတွေလဲ ရှိတယ်။ မုဒိမ်းမကျင့်ခင် အကြမ်းဖက်မှုက ခံရပြီးနော်။ မုဒိမ်းကျင့်ပြီးတော့ ဖော်ကောင်ဖြစ်မှာ စိုးရိမ်ကြပြီး သတ်ပစ်လိုက်တယ်။ ဘယ်လောက်အထိ ရင်နာဖို့ကောင်းလဲ။ မြန်မာနိုင်ငံဟာ ဘီလူးကြီးခေတ်ရောက်နေပြီး။ ဘာဖြစ်လို့လဲသိလားညီမလေး။ လူသားတွေအချင်းချင်းတွေ သတ်ပစ်ကြ၊ ရက်စက်ကြတယ်။ လိုအပ်မှုတခုကို ဦးစားပေးပြီး သနားကြင်နာတတ်တဲ့ စိတ်တွေက မရှိကြတော့ဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ၊ ယဉ်ကျေးမှုသိမ့်မွေ့သော နိုင်ငံလို့ လူတွေက သတ်မှတ်ကြတယ်။ ဒါပေမယ့် အခုဟာက နာမည်နှင့် မလိုက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံဖြစ်နေပြီး ညီမလေး။
(၇)
မုဒိမ်းမှုတွေ မကသေးပါဘူး ညီမလေးရေ--လူကုန်ကူးမှု ညီမလေးကြားဖူးမှာပေါ့။ လူသားအချင်းချင်းကို တခြားသော နယ်စပ်ဒေသမှာ လိမ်ညာခေါ်ဆောင်ပြီး သွားရောင်းစားလိုက်တယ်။ အဲဒါလဲ ဘာဖြစ်လို့ ရောင်းစားကြတာလဲလို့ ညီမလေး မမေးခင် အစ်မပြောပြချင်တယ်။ ပလောင်ဒေသမှာ လက်ဖက်ဈေးတွေရော၊ စီးပွားရေးအခြေအနေတွေအားလုံး မကောင်းတော့ လူတွေက ဘာတွေလုပ်စားကြမလဲဆိုတာကို စဉ်းစားပြီးအကြံအိုက်လာကြတယ်။ မလုပ်သင့်တဲ့ ကိစ္စတွေ လူကုန်ကူးမှုတွေ လုပ်စားကြရတာပေါ့ကွယ်။ ဒါပေမယ့် မောင်နှမချင်း စာနာထောက်ထားမှု မရှိဘဲ လူသားအချင်းချင်းကို ရောင်းစားရဲ့တယ်ဆိုတော့ ညီမလေး သေချာစဉ်းစားပေါ့။ တချို့လူတွေက ကျောင်းစာရိတ်ရဖို့အတွက်ဆိုပြီး တရုတ်ပြည်ကို လိုက်သွားကြတယ်။ တချို့ကျတော့ ဈေးရောင်းဖို့၊ တချို့ကျတော့ အတင်းအဓမ္မနည်းလမ်းတဲ့ ခေါ်ဆောင်သွားတယ်။ တချို့ကျတော့ မိဘတွေက ရောင်းစားတယ်။ မောင်နှမတွေက လိမ်လည်ခေါ်ဆောင်သွားတယ်။ အမျိုးမျိုးပေါ့ ညီမလေးရယ်။
အစ်မ သူငယ်ချင်းတယောက် လူကုန်ကူးမှု သတင်း (၁၅)ပုဒ် လူအယောက်ပေါင်း (၃၀)ကျော် ပို့လာတယ်။ အစ်မ မယုံချင်ဘူးသိလား။ ပြီးတော့ မိုင်းဝီးက သူငယ်ချင်းတယောက် ပြောပြမှ ယုံတယ်။ “နမ့်ခမ်းဖက်မှာ အရမ်းများတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နယ်စပ်နဲ့ အရမ်းနီးတယ်။ အဖေ ကိုယ်တိုင်က သမီးရဲ့ မြေးတွေကို ရောင်းတာရှိတယ်” ဘာဖြစ်လို့တော့ ဘိန်စားကြောင့်ပေါ့ ရောင်းစားကြတယ်မထင်ဘူးနော်။ ဘာကြောင့် ဘိန်းစားတွေ ဖြစ်ရသလဲဆိုရင် အစ်မ ရှင်းပြမယ်နော်။
(၈)
လူကုန်ကူးမှုကို နယ်စပ်နဲ့ဝေးတဲ့ အစ်မတို့ရွာတောင်ဖြစ်တယ်။ အသက် ၂၃ရှိတဲ့ အမျိုးသားတယောက် ၁၈နှစ်ရှိတဲ့ အမျိုးသမီးနှစ်ယောက်ကို တရုတ်ပြည်မှာ အလုပ်ကောင်းကောင်းရှာပေးမယ်ဆိုပြီး တရုတ်ပြည်ကို လိမ်လည်ခေါ်ဆောင် ရောင်းစားလိုက်တယ်။ သူတို့နှစ်ယောက် တခါမှ မိဘအိမ်ကို ပြန်မလာတော့ဘူး။ ကောင်လေးသွားပို့ထားတဲ့ (သွားရောင်းထားတဲ့) နေရာကို သွားကြည့်တော့လဲ မရှိတော့ဘူး ဘယ်ရှိတော့မလဲ ညီမလေးရယ်--- အခြားတရုတ်အိမ်တွေ တဆင့်သွားရောင်းလိုက်ပြန်တယ်။
(၉)
အစ်မတို့ ပလောင်ဒေသတခုထဲမဟုတ်ပါဘူး။ ထိုင်းနိုင်ငံရောက် ကချင်အမျိုးသမီးအစည်းအရုံးတွေ ထုတ်ထားတဲ့ “တွန်းပို့ခံရခြင်း” တရုတ်-မြန်မာနယ်စပ်တွင် ကချင်အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှုတွေနော်။ အမျိုးသမီး (၈၅)ဦး အများစုက အသက် ၁၄မှ ၂၀အတွင်းဖြစ်တယ်။ ရှမ်းပြည်နယ်ထဲမှာ (သုံးပုံတပုံ)တဲ့။ ဆိုးရွားတဲ့အခြေအနေပေါ့ ညီမလေး။ အစ်မ နားထဲမှာ နေ့တိုင်းလိုလို ကြားနေရတယ်။ ကုန်ကိုအလဲအလှယ်လုပ်တာ မဟုတ်တော့ဘဲ လူကိုပါ ကုန်ပစ္စည်းတခုလိုသတ်မှတ်ပြီး ကုန်ကူးကြတယ်။ ညီမလေးလဲ စီးပွားရေး အခြေအနေဘယ်လောက်ပဲ ဆိုးရွားပါစေ လူတွေကို သွားမယုံနဲ့လို့ အစ်မ မှာပါရစေနော်။ ပိုက်ဆံမျက်နှာ တခုထဲကြည့်ပြီး ပိုက်ဆံနဲ့ နှစ်မြောသွားမယ်။
(၁၀)
ပလောင်ဒေသမှာ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းရယ်၊ အခုတော့ အတင်းအဓမ္မလက်နက်အပြီးအပိုင်ချလိုက်ရတယ်။ လက်နက်ချလိုက်တဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲပြဿနာ အကျိုးရလဒ်တွေ အများကြီးတွေ့ရှိရတယ်။ အခုရွာထဲမှာ မူးပြီး ဘိန်းမစားတဲ့ အမျိုးသား သိပ်မတွေ့တော့ဘူး။ အမျိုးသားဖြစ်ဖြစ်၊ အိမ်သားတယောက်ယောက်ပဲဖြစ်ဖြစ် ဘိန်းစားရင် သူတို့အရမ်းကို ဒုက္ခတွေ့ကြရတယ်။ အထူးသဖြင့် အမျိုးသမီး ဓါးစားခံဖြစ်နေရတယ်။ ယောက်ျားလေးတွေက အိမ်မှာပဲ အမြဲနေတယ်။ အလုပ်လုပ်ရင်လဲ မိသားစုအတွက် အကြုံမ၀င်ဘဲ သူတို့တကိုယ်တော်အတွက်ပဲ အလုပ်လုပ်နေတယ်။ တကိုယ်ကောင်းစားရေးအတွက်ဘဲ လုပ်တဲ့အပြင် မိသားစုဝင်ငွေကိုပါ ထပ်ယူသေးတယ်။ ၀င်ငွေကို ထပ်ယူသည့်အပြင် အိမ်တွင်းမှာရှိတဲ့ ပစ္စည်းတွေကို ရောင်းစားတယ်။ နောက်ဆုံး အကြံအိုက်လာရင် သား၊ သမီးကို ရောင်းစားခဲ့ကြတယ်။ မပြောမရှိနဲ့နော် ညီမလေး၊ ရွာထဲမှာ မြင်နေရတယ်။ အဖေ ဘိန်းရှုစရာမရှိတော့ သူသမီးကို ရောင်းစားလိုက်တယ်။ ကြောက်ဖို့ပြောတာ မဟုတ်ပါဘူး။ တခါတလေ ဖြစ်တတ်ပါတယ်လို့ ပြောတာပါ။ လူတွေကို ယုံချင်စရာတောင်မကောင်းတော့ဘူးဖြစ်နေတယ်။ သူတို့ မိန်းမ၊အိမ်သူအိမ်သားတွေဆီက ပိုက်ဆံတောင်းလို့ မရရင် အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ တောင်းတော့တာပဲ။ အကြမ်းဖက်တာ ညီမလေးသိတဲ့အတိုင်းပေါ့။ အရိုးကွဲအောင် ရိုက်မှ အသဲစွဲအောင်ချစ် ယောက်ျား ပြောတတ်တဲ့ စကားလေ။ မိန်းမတွေ မှတ်သားလောက်အောင် လက်တီး (၃-၄ချက်လောက် တီးထည့်မှ မှတ်လောက်မယ်။ မိန်းကလေးတွေ ခံရတာပေါ့။ မိန်းမတွေရဲ့ ဘ၀ဘယ်လောက်အထိ ရင်နာဖို့ကောင်းလဲ။ လျော့နည်းမှု မရှိသည့်အပြင် ပိုပြီးဘိန်းစားတွေက တိုးတက်လာတာကို တွေ့ရှိရတယ်။ သူတို့အမျိုးသားတယောက်ယောက်ဖြစ်ဖြစ်၊ အိမ်သားတယောက်ယောက်ဖြစ်ဖြစ် ဘိန်းစားဖြစ်ပြီးဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေ ဓါးစားခံဖြစ်ခဲ့တာများတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေ ဒုနဲ့ဒေး ဘိန်းစားဖြစ်ရင် နံဖူးပေါ်လက်တင်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး အမြဲတမ်းခံစားနေကြရတယ်။ လက်တွေ့နော် ညီမလေး။ အစ်မလဲ ဒါမျိုးတွေကို ခံစားရတယ်။ ညီမလေးကြားပြီးသာကိစ္စဖြစ်မှာပါ။ Hand in clove “The Burma Army and the Drug Trade in Shan State” ပလောင်အမျိုးသမီးအစည်းအရုံးက ထုတ်ချိလိုက်တဲ့ “အဆိပ်သင့်ပန်းများ” စာအုပ်ရော။ ပလောင်အမျိုးသမီး (၈၈)ယောက်က ယောက်ျားတွေ ဘိန်းစားဖြစ်လို့ သူတို့တတွေက အိမ်တွင်းအကြမ်းဖက်မှုကို ခံစားနေရကြရတယ်။
(၁၁)
ညီမလေးရေ--
အစ်မ ပြောပြတဲ့အကြောင်းအရာတွေ အခုလက်ရှိ အမျိုးသမီးတွေက ခံစားနေရတဲ့ အကြောင်းအရတွေပဲ။ အမျိုးသမီးတွေဟာ နေ့တိုင်းလိုလို ခံစားနေကြရပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ကုစားခွင့်မရှိခဲ့ပါဘူး။ ဒါဆိုရင် အစ်မတို့ သူတို့အတွက် ဘာတွေကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပေးရမယ်။ အမျိုးသမီးတွေ အားလုံးငြိမ်းချမ်းအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် အမျိုးသမီးတွေ ဘာကြောင့်ဒီလိုခံစားနေရတယ်ဆိုတာကို အစ်မတို့ စုံစမ်းစစ်ဆေးပြီး အကောင်အထည်ဖော်ပေးရမှာ သေချာတယ်။ နိုင်ငံတကာသိအောင်၊ မြန်မာနိုင်ငံဘယ်လို ပြုပြင်ပြောင်းလဲကြမလဲဆိုတာတွေဟာ အစ်မတို့မှာ တာဝန်ရှိတယ်။ ပလောင်အမျိုးသမီးတွေသာမကွ၊ အမျိုးသမီးထုတွေ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံစားနေရတဲ့ အကြောင်းအရာကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ အစ်မ အသေးစိတ်ကို ပြောပြချင်ပါတယ်။ ဒါပေမယ့် အစ်မရဲ့ နားထဲမှာ သူတို့ရဲ့ ငိုရှိုက်သုံ၊ သူတို့ငြီးညူသံတွေ၊ အော်သံတွေကို ကြားနေရလို့ အစ်မ မခံစားနိုင်တော့ဘူးကွယ်။ နောက်မှ ဒီဇာတ်လမ်းကို ပြောပြဦးမယ်နော်။
၁၈-၂-၂၀၀၇
No comments:
Post a Comment