ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၀၉ခုနှစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ မယကရုံးတွင် အစည်းအ၀းများပြုလုပ်ပါသည်။ ကျေးရွာအုပ်စု ဥက္ကဌများက အစည်းအဝေးတက်ရောက်ရပါတည်။ ကျေးရွာအုပ်စုတိုင်းတွင် ပြည်သူ့စစ်ကောက်ခံမည်ဟု တင်ပြပါသည်။ ဘာကြောင့်ကောက်ခံသည်ဟု သေသေချာချာရှင်းလင်းမှုမရှိပေ။ သို့သော် ရပ်ရွာလုံခြုံရေးအတွက် ဖွဲ့စည်းသည်ဟု ရှင်းလင်းထားပါသည်။
အုပ်စုတစ်စုလျှင် ပြည်သူ့စစ်အယောက်(၉၀) ပေးရမည်။ ပြည်သူ့စစ်ပြုလုပ်သည့်သူ၏ အမည်စာရင်းများကို အသေးစိတ်ကောက်ခံပြီး မယကရုံးသို့ပေးပို့ထားပါသည်။ တအုပ်စုလျှင် စစ်သင်တန်း အယောက်(၃၀) တက်ခွင့်ရှိပါသည်။ သင်တန်းတက်ပြီးလျှင် သူ့ကျေးရွာအုပ်စုတွင် အခြေချပြီး လုံခြုံရေးတာဝန်ပေးရမည်။ သင်တန်းတက်ထားသောသူကို မောင်းပြန်သေနတ် နံပါတ်(၂၁၊၂၂) ပေးကိုင်မည်ဟု သတင်းရရှိပါသည်။
ပြည်သူ့စစ်တစ်ယောက် အသက် စံသတ်မှတ်ချက်များ မတူညီကြပေ။ တချို့သောရွာတွင် ၄၅နှစ်အောက်ဖြစ်ရမည်။ တချို့သောရွာတွင် အသက် ၃၀အောင်ဖြစ်ရမည်။ တချို့သောရွာတွင် လူပျိုလူလွတ် ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။ ကောက်ခံသည့်အချိန်တွင် အသက်၃၀အောက် လိုချင်သည်ဟု ပြောကြားပါသည်။
မန်အောင်အုပ်စုတွင် အရင်တုန်းကစစ်တပ်ထားသောနေရာတွင် ပြည်သူ့စစ်များအတွက် နေရာချထားပါသည်။ ဤနေရာတွင် ပလောင်ပြည်သူများ အိမ်ဆောင်ထားပြီးဖြစ်ပါသည်။ ဤအိမ်ကို ဖြိုဖျက်ပြီး စစ်တပ်ပြန်လည်တည်ဆောက်မည်ဟု သတင်းရရှိပါသည်။
မန်တုန်မြို့နယ်တွင်လည်း ထိုနည်းတူစွာဖြင့် ခလရ (၁၃၀)နှင့် အရာရှိရဲနှင့် ပူးပေါင်းပြီး မန်တုန်ဒေသအတွင်း ကျေးရွာအသီးသီးတွင် ပြည်သူ့စစ်များ လိုက်ကောက်နေပါသည်။
နမ့်ခမ်းမြို့နယ် ရွာသားအမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ “ကျမတို့ဆီမှာ ပြည်စူ့စစ်တွေ လိုက်ကောက်နေပါတယ်။ သူတို့ လူပျို လူလွတ် အသက်ငယ်လေးတွေရွေးချက်ပြီး ကောက်ခံပါတယ်။ ပြည်သူ့စစ်ရဲ့ တပ်စခန်းကို ရွာအလယ်မှာ ချထားမယ်။ ဒီနေရာက အရင်တုန်းက တပ်စခန်းတွေချထားပါတယ်။ တပ်စခန်းမရှိတော့ အိမ်တွေဆောက်လုပ်ထားပါတယ်။ အခုတော့ စစ်တပ်စခန်းပြန်ဆောင်မယ်ဆိုတော့ ရွာသားတွေရဲ့အိမ်ကို ဖြိုရမှာဖြစ်ပါတယ်။ သူတို့အိမ်ကို ဖြိုတဲ့အတွက် လျောကြေးမရှိပါဘူး။ သူတို့တွေလည်း ဘာမှမပြောရဲကြဘူး။
ပြီးတော့ အချို့သော ကောင်လေးတွေက ပြည်သူ့စစ်မလုပ်ချင်ကြဘူး။ အသက်က ငယ်ငယ်လေးတွေပဲရှိကြတယ်။ ဒါပေမယ့် အထက်က အမိန့်ကို မလွန်ဆန်နိုင်တဲ့အတွက်ကြောင့် ပြည်သူ့စစ်လုပ်ခံရတယ်။”
ရွာသားတစ်ဦး၏ပြောပြချက်အရ “အခု ပြည်သူ့စစ်တွေ လိုက်လံကောက်နေပါတယ်။ အုပ်စုတိုင်းကို စည်းရုံးပြီး တအုပ်စုကို အယောက်(၉၀) ပေးရမယ်။ သူတို့လိုချင်တာကတော့ အသက် ၃၀အောင် လူပျို၊ လူလွတ်ဖြစ်ပါတယ်။ ဒါပေမယ့် မရတဲ့အဆုံးတော့ အသက်၄၅နှစ်အောက် ပေးမယ်။
သူတို့ဘာကြောင့်ပြည်သူ့စစ်ကို ထပ်မံကောက်ခံသလဲဆိုတာ ကျနော်တို့ရဲ့ ရွာသားတွေရဲ့ ခန့်မှန်းချေအရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်ပါတယ်။ သူတို့လူတွေဖြစ်ဖို့ စည်းရုံးတာတစ်ပိုင်း၊ ပြီးတော့ သူတို့ရဲ့လုံခြုံရေးအတွက် ကင်းလှည့်စောင့်ထားဖို့ အတွက်လည်းဖြစ်ပါတယ်။ သူတို့ကောင်းကောင်းမရှင်းပြဘူးဖြစ်နေတယ်။ ပြီးတော့ နေပြည်တော်က လာတဲ့ ဗိုလ်ချူပ်လွန်းမောင်ဆိုတာလား။ နမ့်ခမ်း မယကကို အမိန့်ပေးပြီး ပြည်သူ့စစ်ကို ကောက်ခံခိုင်းတယ်။ တပ်ရင်းနံပါတ်ကို ပြောမပြထားဘူးဖြစ်နေတယ်။ ကျနော်ဆို့ဆီ ဒုက္ခအရမ်းရောက်နေပါတယ်။ ပြည်သူ့စစ် မပေးလို့လဲမရဘူး။ ငြင်းဆန်ရဲတဲ့သူလဲမရှိဘူး။ သူများခိုင်းတိုင်းလဲ လိုက်လုပ်နေရပါတယ။်”
ပြည်သူစစ် ရွေးချယ်ခံရတဲ့ လူငယ်တစ်ဦး၏ရင်ဖွင့်သံ “ကျနော်ကတော့ ပြည်သူ့စစ် မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆိုရင် အရေးကြုံလာပြီးဆိုရင် စစ်သားလိုအပ်လာရင် ပြည်သူ့စစ်ကို အသုံးချပြီး စစ်တိုက်ခိုင်းမှာဖြစ်တယ်။ စစ်သင်တန်းလဲ တက်ခိုင်းမှာ။ ကျနော်စာရင်းပါပေမယ့် ကျနော်ထွက်ပြေးမယ်။ မလုပ်ချင်ဘူး။”
လူငယ်တစ်ဦးး ရင်ဖွင့်သံ “ကျနော်တို့က မလုပ်ချက်ပေမယ် စာရင်းထဲပါသွားပြီးဆိုတော့ သူတို့ရဲ့ဆန္ဒကို မလွန်ဆန်ရဲဘူးဖြစ်နေတယ်။ လိုက်လုပ်ရမှာသေချာတယ်။”
ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းသုတေသနနှင့်ဖြန့်ချိရေးဌာန
No comments:
Post a Comment