Wednesday, April 01, 2009

နအဖ ပညာပေးမှု လုပ်ဆောင်ရန် လိုအပ်

နအဖ ပညာပေးမှု လုပ်ဆောင်ချက်တွေ ဘာတွေရှိလဲဆိုတာ ကျမက မေးချင်ပါတယ်။ အဘယ်ကြောင့်ဆိုတော့ နအဖ ဆိုးဆေးပါ လက်ဖက်ကို စားခြင်းအားဖြင့် ရှေရည်တွင် ရောဂါရနိုင်ဟု အတိအလင်း ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့တယ်။ အကယ်၍ ဤစစ်ဆေးချက်သည် မှန်ကန်မှုဖြစ်လျှင် ကျမတို့က လုံးဝကို တားမြစ်ရမှာဖြစ်ပါတယ်။ နအဖ ပြည်သူလူထုကို အသိပေးမှုလည်းမရှိ ချက်ချင်းကြီး ထုတ်ပြန်ကြေညာချက်ထုတ်ပြန်သည့်အတွက်ကြောင့် ကျမတို့ ပလောင်တောင်သူ၊ လက်ဖက်အရောင်းအ၀ယ်ပြုလုပ်သူနှင့် လက်ဖက်ကို စွဲစွဲလမ်းလမ်း စားသုံးများ ဒုက္ခရောက်ရှိပါတယ်။

နောက်တခု နအဖက ရေရှည်တွင် ပညာပေးမှု ပြုလုပ်ရန် လုံးဝ လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကျမတို့ ပြည်သူလူထုတွေဟာ မျက်စိပိတ်၊ နားပိတ် (သတင်းစာ၊ ရေဒီယို) ဖြစ်တဲ့အတွက် နေရာတိုင်း၊ ဒေသတိုင်းတွင် ဤလက်ဖက်အကြောင်းကို တိရောက်သော ပညာပေးမှု ပြုလုပ်ရန်လိုအပ်ပါသည်။ နားမလည်သော ပြုသူလူထုသည် ဤဆိုးဆေးလက်ဖက်ကို စားသုံးမိမှာသေချာသလို အခုခေတ်တွင် လက်ဖက်အရောင်းလှအောင် ဆိုးဆေးသုံးသော ခေတ်ဖြစ်သည့်အတွက် မသိနိုင်သည့်ဒေသတွင် ဆိုးဆေးကို ဆက်သုံးမည်ပြီး တောလက်ကျေးဒေသတွင် ရောင်းချမည်ဖြစ်ပါတယ်။ ဒါကြောင့် ပညာပေးမှု အစီစဉ်ကို ရေရှည်တွင် ပြုလုပ်သွားရမည်ဖြစ်ပါသည်။ Read more...

No comments:

Post a Comment