မတ်လ ၁၂ရက်နေ့တွင် နအဖ စစ်အုပ်၏ ကျန်းမာရေးဝန်ကြီးဌာနမှ အ၀ါရောင်ဆိုးဆေး Auramine O အသုံးပြုသော လက်ဖက်များမှ ရေရှည်တွင် စားသုံးသူများ၏ ကျန်းမာရေးကိ ထိခိုက်နိုင်သဖြင့် စားသုံးရန် မသင့်ကြောင်းနှင့် ဈေးကွက်မှ ပြန်ရုပ်သိမ်းရန် ထုတ်ပြန်ကြေညာခဲ့ခြင်းအပေါ် မိမိတို့ တအာင်း (ပလောင်) နိုင်ငံရေးအင်အားစုမှ အပြစ်မဲ့ လက်ဖက်တောင်သူများအတွက် များစွာ စိုးရိမ်မကင်းဖြစ်ရပါသည်။
မိတို့တအာင်း(ပလောင်) လူမျိုးတို့သည် လက်ဖက်လုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုနေသော လူမျိုးစုတခုဖြစ်ပြီး မိမိတို့ ပလောင်ဒေသမှ မြန်မာတစ်ခုလုံးအတွက် နှစ်စသ်လိုအပ်သော လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်များ အဓိကထုတ်လုပ်ပေးနေသည့် နေရာဒေသလည်းဖြစ်သည်။ လက်ဖက်လုပ်ငန်းသည် ပလောင်လူမျိုးတို့၏ အသက်မေသွးကြောသဖွယ် အလွန်ရေးကြီးသော လုပ်ငန်းဖြစ်သည်။
ယခုကဲ့သို့ ရွှေဖီဦး လက်ဖက်ရာသီသစ် လုပ်ငန်းများ စတင်နေသည့်အချိန်တွင် ပလောင်ပြည်သူများအပေါ် ခြုံခိုတိုက်ခိုက်လိုက်သဖွယ်ဖြစ်သော နအဖ၏ သတင်းထုတ်ပြန်လိုက်သည့်နောက်ပိုင်းတွင် လက်ဖက်ဈေးများကျဆင်းခြင်းနှင့်အတူ လက်ဖက်ရာသီသစ်တွင် လက်ဖက်အပြိုင်အဆိုင် ရောင်းဝယ်ကြရမည့်အစား ၀ယ်သူမရှိဘဲ အရောင်းအ၀ယ်ရပ်ဆိုင်းတော့မည့်အခြေအနေသို့ ဆိုက်ရောက်လာကာ လက်ဖက်တောင်သူများအတွက် များစွာထိခိုက်နစ်နာရပါသည်။
အစားအသောက်များကို အရောင်လှပကာ ဈေးကွက်တင်နိုင်ရန်အတွက် အန္တရာယ်ရှိသော ဆိုးဆေးအသုံးပြုနေကြသည်ကို ကျန်းမာရေးထိခိုက်မှု မဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များမှ ကာကွယ်မှုများပြုလုပ်ခြင်းမှာ အထူးလိုအပ်ကောင်းမွန်သော်လည်း၊ ဆောင်ရွက်မှုလုပ်ငန်းစဉ်များ နည်းလမ်းမမှန်ပါက ပြဿနာရပ်ကို အမှန်တကယ်ကိုယ်တွယ်ဖြေရှုင်းခြင်းမပြုနိုင်ဘဲ လုပ်ငန်းအပေါ်မှီခိုနေသည့် အပြစ်မဲ့ပြည်သူများ၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များအတွက် မလိုအပ်သည့် ဆိုးကျိုးများသက်ရောက်စေပါသည်။
နအဖ စစ်အုပ်စုအနေဖြင့် ယခုကဲ့သို့ အန္တရာယ်ရှိသည့်ဆိုးဆေးပါ လက်ဖက်များကို ပိတ်ပင်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ရုံမျှဖြင့် ပြည်သူလူထုတို့၏ ကျန်းမာရေးအတွက် အန္တရယ်ကင်းသည့် အစားအသောက်များဖြစ်လာမည်မဟုတ်သည့်အပြင် အာဏာပိုင်တို့မှ ဤကဲ့သို့ တားမြစ်ချက်များ ရုတ်တရက်ထုတ်ပြန်ပြီး ထိုလက်ဖက်များကို ဈေးကွက်မှ ပြန်ရုပ်သိမ်းသည့် လုပ်ဆောင်ချက်များအပေး မျှတသည့် လုပ်နည်းလုပ်ဟန် ဆောင်ရွက်ချက် due process of law မရှိသည်ကို အပြစ်မဲ့ပြည်သူများနှင့် လုပ်ငန်းရှင်များကို ကိုယ်စား မိမိတို့ အင်အားစုမှ ထောက်ပြရူတ်ချလိုက်ပါသည်။
နအဖ စစ်အုပ်စုနှင့် ကျန်းမာရေးဌာန အနေဖြင့် ထိုကိစ္စကို ထုတ်ပြန်ကြေညာခြင်းမပြုမှီ လက်ဖက်တောင်သူ လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ ပြဿနာရပ်ကို အကောင်းဆုံးအဖြေရရှိနိုင်သည့် နည်းလမ်းများ ထွက်ပေါ်လာရန် ဦးစွာကြိုးပမ်းသင့်ပါသည်။ လက်ဖက်ရောင်တင်သည့် ဖြစ်ရပ်များမှာ ဆယ်စုနှစ်ခန့်ရှိနေပြီဖြစ်ပြီး နောက်ပိုင်းတွင် ၀သမလောဘသားစီးပွားရေးလုပ်ငန်းရှင်များက အန္တရာယ်မရှိသော အစားအသောက်ဆိုးဆေး အစားဘေးဥပဒ်ဖြစ်စေမည့် အ၀ါရောင်ဆိုးဆေး ဗကမောငညန ဥ အသုံးပြုလာခြင်းဖြစ်သည်။
အ၀ါရောင်ဆိုးဆေးပါ လက်ဖက်စားသုံးခြင်းကြောင့် ပြည်သူလူထုတို့၏ ကျန်းမာရေးထိခိုက်မှုကို အမှန်တကယ်ကာကွယ်ရန် နအဖ၏ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လက်ဖက်တောင်သူများ။ လုပ်ငန်းရှင်များ။ ကျွမ်းကျင်သူပညာရှင်များပါသည့် ကော်မရှင်အဖွဲ့တခုဖွဲ့စည်းကာ ထိုအန္တရာယ်ရှိသော ဆိုးဆေးသုံးသည့် စက်ရုံလုပ်ငန်းရှင်များနှင့် လက်ဖက်တောင်သူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူသင့်ပါသည်။ သို့မျသာ လက်ဖက်ကြိုက်သူပြည်သူလူထုများ အန္တရာယ်ကင်းစွာ လက်ဖက်စားသုံးနိုင်ပြီး။ လက်ဖက်တောင်သူနှင့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ယုံကြည်မှုကို ပြန်လည်ရရှိကာ လက်ဖက်လုပ်ငန်းဖြင့် ဆက်လက်၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်သည်။
ထိုပြင် ထိုကော်မရှင်အနေဖြင့် လက်ဖက်များတွင် အ၀ါရောင်ဆိုးဆေး Auramine O အသုံးပြုထားခြင်းရှိမရှိ အလွယ်တကူစစ်ဆေးနိုင်ရန် စစ်ဆေးနိုင်သည့် ဌာနများကို စနစ်တကျတိုးချဲ့ထားရှိခြင်းနှင့် ထိုကဲ့သို့အရေးယူဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသည့်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများ ရှိရန်လိုအပ်ကြောင်း လက်ဖက်လုပ်ငန်း တစ်ခုတည်းအပေါ် မှီခိုအားထားနေရသော အပြစ်မဲ့ ပလောင်မိဘပြည်သူများ ကိုယ်စား မိမိတို့ တအာင်း(ပလောင်) နိုင်ငံရေးအားစုမှ အလေးအနက်တိုက်တွန်းတောင်းဆိုးလိုက်ပါသည်။
၂၁ရက် မတ်လ ၂၀၀၉ခုနှစ်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF
ပလောင်အမျိုးသမီးအစည်းအရုံး (PWO)
တအားကျောင်းသားနှင့်လူငယ်များအစည်းအရုံး (TSYO)
ဆက်သွယ်ရန်-(၆၆)၀၈၂၀၆၄၀၄၅၊ (၆၆) ၀၈၀၁၁၈၄၄၇၉၊ (၆၆) ၀၈၂၁၆၄၈၁၁၅
Read more...
Sunday, March 22, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment