ရှေးယခင်က ပလောင်တို့သည် ယွန်းပါဠိစာနှင့် ရှမ်းယွန်းစာကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းများတွင် ရှမ်းစာပေကို အသုံးပြုလာကြသည်။ ပထမဦးဆုံးပလောင်စာပေ ဖြစ်ထွန်းစေရန် ကြိုးပမ်းခဲ့သူများ အမေရိကန်သူ မစ္စမက္ကလင်းဆိုသူ အမျိုးသမီးဖြစ်သည်။ ဥရောပဗျည်းအက္ခရာကို အခြေခံ၍ ၁၉၁၂ခုနှစ်တွင် တီထွင်ပေးခဲ့သည်။
၁၉၃၁- ခုနှစ်တွင် Mrs.LesLie Milneက အင်္ဂလိပ် - ပလောင်/ ပလောင် - အင်္ဂလိပ် အဘိဓါန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့ပါသည်။
၁၉၂၄ - ခုနှစ်တွင် The Study of the Palaungs of the Shan State ကို ပြုစုပေးထားခဲ့သည်။
ပလောင်သမိုင်းအကျဉ်း
စဉ် | စာပြုပဂ္ဂိုလ်အမည် | လူမျိုး | အသုံးပြုသည့်အက္ခရာ |
၁ | မစ္စမက္ကလင်း | အမေရိကန် | ရောမအက္ခရာ ၁၉၁၂ |
၂ | ဦးဆန်သီရိ | ပလောင် | မွန် - မြန်မာအက္ခရာ ၁၉၁၈ |
| | | V အက္ခရာတစ်ခုတိုး |
၃ | ဦးခွန်ဆန်ဒေ၀ါ | ပလောင် | ရှမ်းယွန်းအက္ခရာ ၁၉၂၁ |
၎ | ဦးစာဂရ(စော်ဘွားစာရေးကြီး) | ရှမ်း | ရှမ်း- မြန်မာအက္ခရာ ၁၉၂၆ |
၅ | ဦးပေါစံ (ရွှေတံဆိပ်ဆုရ) | ပလောင် | မွန် - မြန်မာအက္ခရာ ၁၉၅၅ |
၆ | ဦးကျော်စိန် | ပလောင် | မွန် - မြန်မာအက္ခရာ ၁၉၅၅ |
၇ | ဦးကျော်ဟန် | ပလောင် | မွန် - မြန်မာအက္ခရာ ၁၉၅၂ |
၈ | အသျှင်ဠာဝစကြာ | | ယိုးဒယားအက္ခရာ ၁၉၅၄ |
| အသျှင်နန္ဒိယ(ရဟန်း) ယိုးဒယား | | ။ |
| အသျှင်ကဏ္ဍိတ(ရဟန်း) | | ။ |
၉ | အသျှင်နာရသေန (ရဟန်း) | ပလောင် | ရှမ်းအက္ခရာ ၁၉၅၄ |
၁၀ | ဦးသန်းမောင်(နမ့်ခမ်း) | ပလောင် | မွန်မြန်မာအက္ခရာ ၁၉၅၄ |
၁၁ | အသျှင်နန္ဒာစရိယ (ရဟန်း) | ပလောင် | ရှမ်းအက္ခရာ ၁၉၅၄ |
၁၂ | အသျှင် ပညာဝံသ(ရဟန်း) | ပလောင် | ယွန်းအက္ခရာ ၁၉၅၄ |
၁၃ | ဦးဒေ၀ါ | ပလောင် | ရှမ်းအက္ခရာ ၁၉၅၄ |
ဥက္ကဌ ဦးကျော်ဇော် ရှမ်းပြည်နယ်ဦးစီးအဖွဲ့ ယဉ်ကျေးမှုတာဝန်ခံ
အတွင်းရေးမှူး ဦးစစ်ခွန်ဆန် ယဉ်ကျေးမှုဌာနမှူး
အဖွဲ့ဝင်
စဉ် | အမည် | နေရပ် | နေရပ်လိပ်စာ |
၁ | ဦးနာဂသေန | ဂိုဏ်းထောက်ဆရာတော် | နမ့်ဆန် |
၂ | ဦးနေမိန္ဒ | ရဟန်း | ။ |
၃ | ဦးပေါ်စံ | ကယားလမ်းကျေးရွာ | ။ |
၎ | ဦးကျော်စိန် | ကယားလမ်းကျေးရွာ | ။ |
၅ | ဦးဒေ၀ါ | | ။ |
၆ | ဦးက္ကုန္ဒက | | ။ |
၇ | ဦးအောင်ထွန်း | ရေးရာမှူး | မိုးမိတ် |
၈ | ဦနေမိန္ဒ | | ကျောက်မဲ |
၉ | ဦးစံဖိုး | | သီပေါ |
၁၀ | ဦးသုနန္ဒာ | | မိုးမိတ် |
၁၁ | ဦးပညာဝံသ | ကွမ်းလုံခရိုင် | ဟိုပန် |
၁၂ | ဦးနန္ဒာ | | နမ့်ခမ်း |
၁၃ | ဦးသန်းမောင် | | နမ့်ခမ်း |
၁၄ | ဦးစ၀်ခူး | လွယ်လင်ခရိုင် | မိုင်းကိုင်း |
၁၅ | ဦးချစ်ထွန်း | ။ | ။ |
၁၆ | ဦးနိက္ခမ္မ | | ကလော |
၁၇ | ဦးစိတ္တ | | ကလော |
၁၈ | ဦးအဆန်မာအင် | | ကျိုင်တုံ |
၁၉ | ဦးခမ်းလှိုင် | တိုင်းပညာဝန် | ရှမ်းပြည်နယ်ပညာရေးမှူး
|
ဤအဖွဲ့သည် ၁၉၆၇ခုနှစ် ဇူလိုင်လ (၃၁) ရက်မှ သြဂုတ်လ (၄) ရက်နေ့အထိ ပထမအကြိမ် အစည်းအဝေး ကျင်းပကာ အောက်ပါ ပလောင်စာမူကို တင်ပြကြသည်။
က) မွန်မြန်မာအက္ခရာ
(၁) ဦးပေါ်စံ
(၂) ဦးကျော်စိန်
ခ) ရှမ်းအက္ခရာ
(၁) ဦးနာဂသေနာ
(၂) ဦးနန္ဒာစရိယ
(ဂ) ယွန်းအက္ခရာ
(၁) ဦးနိက္ခမ္မ
ဃ) မြောက်ပိုင်းရှမ်းစာမူသစ်
(၁) ဦးသန်းမောင်
No comments:
Post a Comment