၂၀၀၆-၂၀၀၉ခုနှစ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန်တုန်မြို့နယ်၊ နမ့်ခမ်းမြို့ရှိ ကျေးရွာဒေတွင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းရောင်းဝယ်မှုနှင့် ဘိန်းသုံးစွဲမှုတို့ ပိုမို များပြားလာသည်။ ဘိန်းစိုက်ပျိုးခွင့်၊ ရောင်းဝယ်ခွင့်နှင့် သုံးစွဲခွင့် နအဖက တိုက်ရိုက်ခွင့်ပြုချက်မပေးထားသော်လည်း သွယ်ဝိုက်သောနည်းလမ်းဖြင့် အားပေးနေသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးသည့်လူဦးရေ (သို့) ဘိန်းစိုက်ပျိုးသည့်ဧက ပိုမိုများလာသော်လည်း အရေးယူ ဖျက်စီးဆောင်ရွက်ပေးခြင်း သိပ်မရှိပေ။ ကားလမ်းဘေး၊ လူသွားလမ်းနှင့်နီးသော လမ်းတလျှောက်၊ ဘိန်းစိုက်ပျိုးသူများက နအဖထံ သွယ်ဝိုက်သောနည်းလမ်းဖြင့် အခွန်မဆောင်နိုင်သောသူတို့၏ ဘိန်းခြံကို ဖျက်စီးလေ့ရှိပါသည်။ ချန်ထားသည့်နေရာတွင် အလကားနှင် ချန်ထားခြင်းမဟုတ်ပေ။ ပိုက်ဆံ သိန်းနှင့်ချည်း ရင်းနှီးထားခြင်းဖြစ်ပါသည်။ အခွန်လာကောက်သည့်အချိန်တွင် ( ရဲ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်တပ်) အစရှိသည့်တို့ လိုက်ကောက်ပါသည်။
တချို့သော နအဖများက ဘိန်းရောင်းဝယ်သူကို သိရှိပြီး ၁၀ယောက်မှ တယောက်ကို ဘမ်းပြပြီး ဖမ်းဆီးထောင်ချပါသည်။ ဘိန်းရောင်းဝယ်မှန်းသိသော်လည်း ပြန်လည်းညှိုနှိုင်းဆွေးနွေးလျှင် ပိုက်ဆံပေးပြီးဆိုရင် ထောင်ဒဏ်ကနေ လွတ်မြောက်လာတယ်။
ဘိန်းသုံးစွဲသူဆိုလျှင် လက်ချိုးမရေတွက်နိုင်အောင် များပြားလာပါတယ်။ ဘိန်းသုံးစွဲသူကိုလည်း အရေးယူဖမ်းဆီးပေးခြင်း၊ ပညာပေးခြင်း လုံးဝမရှိပေ။
No comments:
Post a Comment